(၂၀-၅-၂၀၁၉)ရက်နေ့ (၁၇:၀၀)ချိန်၌ ဘားအံမြို့နယ်၊ တဂေးလောင်းအုပ်စု၊ တေဂေးလောင်ကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ (၂၉-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)