လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာ၊ ထီးဗျားညေးကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆန့်ရေသယ်ယာဉ်(၂)စီးဖြစ်လည်းကောင်း၊ (၂၄-၅-၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ဒေါတမကြီးကျေးရွာအုပ်စု၊ဒေါဆိုဖျကျေးရွာသို့ ဂါလံ(၇၅၀)ဆန့်ရေသယ်ယာဉ်(၁)စီးဖြစ်လည်းကောင်း၊(၂၅-၅-၂၀၁၉)ရက်နေ့ တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာသို့ ဂါလံ(၃၀၀၀)ဆန့်ရေသယ်ယာဉ်(၁)စီးဖြစ်လည်းကောင်း၊(၂၇-၅-၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ဒေါဖုကျေးရွာသို့ ဂါလံ(၃၀၀၀)ဆန့်ရေသယ်ယာဉ်(၁)စီးစီးတို့ဖြစ် ဒီးမော့ဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့်အတူသောက်သုံးရေရှားပါးလျက်ရှိသောကျေးရွာများကိုသောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#kyh_may2019