လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျွန်းကျေးရွာတွင် (၂၈.၅.၂၀၁၉)ရက်နေ့(၁၁:၁၅)အချိန်၌ ဧရာဝတီ မြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ဘုန်းကြီးကျောင်း(၁)ကျောင်း၊သိမ်ကျောင်း(၁)ကျောင်းနှင့်လူနေအိမ်(၁) လုံး၊အိမ်ထောင်စု(၁)စု၊လူဦးရေ(၂)ဦးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၂၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖို့(၂၀၀,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊စုစုပေါင်း(၃၀၄,၂၀၀)ကျပ်တို့ကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၈.၅.၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)