လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက်နေ့၌ သရက်မြို့နယ်၊ ပြရေကျေးရွာ အုပ်စု၊ ကမ်းနီကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ကျေးရွာပြည်သူလူထု (၆၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ် များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)