လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသဖြင့် (၂၉.၅.၂၀၁၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(၁) မအူပင်မြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၉) လုံး အိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၄၅၀၀၀၀) စုစုပေါင်းလူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၆၃၀၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၁၃၀၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီအချိန်၌၎င်း
(၂) မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စစ်ချောင်းကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) အိမ်ထောင်စု (၁) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၂)လုံး အိမ်ထောင်စု(၂) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) စုစုပေါင်းလူဦးရေး (၁၄) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး
(၂၉၄၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၂၉၄၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီ အချိန်၌၎င်း
(၃) မအူပင်မြို့နယ်၊ ရေလဲကြီးအုပ်စု၊ (သပြေဆိပ် မိုးကောင်းစု) ကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့ တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၃၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၈) အိမ်ထောင်စု(၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀၀) စုစုပေါင်းလူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၆၉၃၀၀) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၆၉၃၀၀) အား (၂၉ .၅.၂၀၁၉) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံံသို့၎င်း
(၄) မအူပင်မြို့နယ်၊ ရေလဲကလေးကျးရွာအုပ်စု (ဖြတ္တာပိုင်း၊ သရက်တော၊ တာပေါက်) ကျေးရွာတို့တွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လံုံး အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀) စုစုပေါင်း လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၃၇၈၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၃၇၈၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ရေလဲကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌၎င်း (၅) မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု (ရေလဲကြီး၊ သုံးခွဆိုင်)ကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၇) လုံး အိမ်ထောင်စု (၇) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၀၀၀၀၀)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လုံး အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀) စုစုပေါင်းလူဦးရေ (၄၁) ဦး အတွက် ဆန်ရိက္ခာဖိုး ပစ္စည်းဖိုး (၈၆၁၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၈၆၁၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ရေလဲကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌၎င်း
(၆) မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွားလေးကျွန်းကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂) လုံး အိမ်ထောင်စု (၂) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၅) အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၅၀၀၀၀) စုစုပေါင်းလူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၆၀၉၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၁၀၉၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ရေလဲကလေးအုပ်ချုပ်ရေးမှူးရုံး၌၎င်း
(၇) မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု (အောက်ထုံး၊ ဘားမနီး၊ ကိုးအိမ်တန်း၊ စစ်ကုန်း) ကျေးရွာတို့တွင်(၂၇.၅.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁၀)လုံး အိမ်ထောင်စု (၁၀)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀၀၀၀၀) နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄၂) လုံး အိမ်ထောင်စု (၄၂)စု အတွက် အိမ်တောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၁၀၀၀၀၀) စုစုပေါင်း လူဦးရေ (၂၃၆) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၄၉၅၆၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ ( ၃၅၉၅၆၀၀) အား (၂၉.၅.၂၀၁၉)ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် ရေလဲကလေးအုပ်ချုပ်ရေးမှူ းရုံး၌၎င်း (၈) မအူပင်မြို့နယ်၊ အင်းမကျေးရွာအုပ်စု (အင်းမ၊ ကျုံကဇန်း) ကျေးရွာတို့တွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၈) လုံးအိမ်ထောင်စု (၈) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၈၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၂၀) လုံး အိမ်ထောင်စု (၂၀) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀၀) စုစုပေါင်းလူဦးရေ (၁၀၈) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၂၂၆၈၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၆၈၀၀) အား (၂၉.၅.၂၀၁၉) ရက်နေ့ (၁၃း၀၀) အချိန်တွင် ရေလဲကလေးကျေးရွာအုပ်ချုပ်ရုံးမှူ းရုံး၌၎င်း ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ငွေစုစုပေါင်း (၈,၈၆၈,၉၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: မအူပင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)