Author Archives: Department of Disaster Management
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် (၂၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(ဝ၈:၃၀) နာရီမှနေ့လည် (၁၂:ဝဝ) နာရီအထိ နမ့်စန်မြို့နယ်အတွင်းရှိ ဟိုဦးကျေး ရွာ၊ မက်မှုံကျေးရွာ၊ ဝမ်နောင်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိ ပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ် မနေ အပြင်သို့ထွက်ပါက နှာခေါင်းစည်း (mask) များတပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေး … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅- ၁၁-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဖာပွန် ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ကုလားကိုင်းကျေးရွာ၊ ရှမ်းကိုင်းကျေးရွာ၊ ဝှေမှုန်ကျေးရွာနှင့်ဝှေဆန်ကျေးရွာများတွင် (COVID-19) ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_nov2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၁၁-၂၀၂၀)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မံစီမြို့နယ်၊ ကုန်းတိန်ေကျးရွာနှင့် ရေခူးမံခံကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရုံးအသစ်ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် သံဃာ(၃)ပါးအား အာရုဏ်ဆွမ်းကပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားနာခြင်းနှင့် ဌာနဆိုင်ရာများအား ဧည့်ခံကျွေးမွေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်း၊ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mdy_nov2020 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၄ – ၁၁ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၇:၀၀)နာရီအထိ ပျော်ဘွယ် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း(၁၅)ရွာတို့၌ (Covid-19) ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောခြင်းနှင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပလမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၄.၁၁.၂၀၂၀)နေ့တွင် ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာ၊ ဘိုင်းပြင်ကျေးရွာ၊ သင်ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာ၊ ပိတပ်ကျေးရွာနှင့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၀)(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်)(မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အခြေအနေ ========================================= (၁) ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “နီဗာ”(NIVAR)အဖြစ်သို့ ရောက် ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၇၅)မိုင်ခန့်နှင့် ချင်းနိုင် … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့၊ မြို့မိမြို့ဖတို့နှင့်ပူးပေါင်း၍ (Covid-19) ကူးစက်ရောဂါကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကာကွယ်ရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့၊ နံနက်(ဝ၈:၃၀) နာရီမှနေ့လည် (၁၂:ဝဝ)ထိ နမ့်စန် မြို့နယ်အတွင်းရှိ ဝမ်ကျောင်းကျေးရွာ၊ အမှတ် (၄)ကျေးရွာ၊ အမှတ်(၅) ကျေးရွာ တို့၌ လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)မှ ညနေ (၁၆:၁၅)အချိန်ထိ နမ်စန်မြို့နယ်အတွင်းရှိ နောင်ခါးကျေးရွာ၊ ပန်လင်းကျေးရွာ၊ စက်မူဇုန် ကျေးရွာတို့၌ လည်းကောင်း (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (COVID-19)ရောဂါကူးစက်မှု ဒေသတွင်း မဖြစ်ပွားစေရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့တွင် ဝမ်မိုင်ကျေးရွာနှင့် ကချင်ရွာတို့တွင် (COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊လက်သန့်စင်ဆေးကြောရန်ဆပ်ပြာခဲများပေးဝေခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
(၂၄.၁၁.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ ပေါ်နော်ကျေးရွာနှင့် ဇီးပင်ကုန်းကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
