လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (COVID-19)ရောဂါကူးစက်မှု ဒေသတွင်း မဖြစ်ပွားစေရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့တွင် ဝမ်မိုင်ကျေးရွာနှင့် ကချင်ရွာတို့တွင် (COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊လက်သန့်စင်ဆေးကြောရန်ဆပ်ပြာခဲများပေးဝေခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)