Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် (၂၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(ဝ၈:၃၀) နာရီမှနေ့လည် (၁၂:ဝဝ) နာရီအထိ နမ့်စန်မြို့နယ်အတွင်းရှိ ဟိုဦးကျေး ရွာ၊ မက်မှုံကျေးရွာ၊ ဝမ်နောင်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိ ပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ် မနေ အပြင်သို့ထွက်ပါက နှာခေါင်းစည်း (mask) များတပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေး ရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ် ပြန်ထားသော ကိုဗစ်-19 ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ ရပ်ဝေးခရီးသွားများဝင်ရောက် လာသူများရှိပါကရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံးပူးပေါင်းပါ ဝင်ကြရန်အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး၊ သဘာဝဘေးအန္တရာယ်အကြောင်းများနှင့် ရှောင်ရန်/ဆောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည် ဆော်သြပြီး ပါးစပ်နှင့် နှာခေါင်းစည်း(mask) များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ ဆောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနှိုင်းပိုစတာများကပ်ခြင်းစသည့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_nov2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events