လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅- ၁၁-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဖာပွန် ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ကုလားကိုင်းကျေးရွာ၊ ရှမ်းကိုင်းကျေးရွာ၊ ဝှေမှုန်ကျေးရွာနှင့်ဝှေဆန်ကျေးရွာများတွင် (COVID-19) ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)