(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ အသိပညာခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်စန်မြို့၊ မြို့မိမြို့ဖတို့နှင့်ပူးပေါင်း၍ (Covid-19) ကူးစက်ရောဂါကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကာကွယ်ရေးအတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့၊ နံနက်(ဝ၈:၃၀) နာရီမှနေ့လည် (၁၂:ဝဝ)ထိ နမ့်စန် မြို့နယ်အတွင်းရှိ ဝမ်ကျောင်းကျေးရွာ၊ အမှတ် (၄)ကျေးရွာ၊ အမှတ်(၅) ကျေးရွာ တို့၌ လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)မှ ညနေ (၁၆:၁၅)အချိန်ထိ နမ်စန်မြို့နယ်အတွင်းရှိ နောင်ခါးကျေးရွာ၊ ပန်လင်းကျေးရွာ၊ စက်မူဇုန် ကျေးရွာတို့၌ လည်းကောင်း (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်၊မဖြစ်မနေ အပြင်သို့ ထွက်ပါက နှာခေါင်းစည်း(mask) များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစု လူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ရပ်ဝေးခရီးသွားများ ဝင်ရောက် လာသူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာန များသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံးပူးပေါင်း ပါဝင်ကြရန်အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး၊ သဘာဝဘေးအန္တရာယ်အကြောင်းများ နှင့်ရှောင်ရန်/ဆောင်ရန် စသည်များကို ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာ ဖြင့်လှည့်လည်ဆော်သြပြီး နှာခေါင်းစည်း (mask)များဖြန့်ဝေခြင်း၊ (Covid-19) အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာရှောင်ရန်/ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗွီနှိုင်းများကပ်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_nov2020
 
 
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events