(က) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အခြေအနေ
=========================================
(၁) ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင် လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ”(NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “နီဗာ”(NIVAR)အဖြစ်သို့ ရောက် ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကဒ်ဒါလိုလီ (Cuddalore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၇၅)မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “နီဗာ” (NIVAR) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
==========================================
အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “နီဗာ” (NIVAR)သည် မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.၁) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်းဖြစ်ပါ သည်။
(ဂ) နောက်(၁၈)နာရီအတွင်းခန့်မှန်းချက်
======================
အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “နီဗာ” (NIVAR)သည် နောက် (၁၂)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ( Very Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားကာ၊ ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရပါသည်။