Author Archives: Department of Disaster Management
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၌ ဇေယျာသီရိမြို့နယ်အတွင်း ခေတ်အေးကျေးရွာအုပ်စု၊ ဝင်ပြန်ကျေးရွာ၊ တဲကုန်းကျေးရွာ၊ ခေတ်အေးကျေးရွာ၊ အင်းသာကျေးရွာ၊ မရင်းကြီးကျေးရွာနှင့် နန်းသြကျေးရွာအုပ်စု၊ နန်းသြ ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၄၄) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၂၅၂၅၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၈၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၃၉၀၆၀၀/-) ကျပ်နှင့် ခေတ်အေးကျေးရွာ၊ မရင်းကြီး ကျေးရွာတို့ရှိ ဘုန်တော်ကြီးကျောင်းအမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ရန်ပုံငွေ (၉၅၀၀၀/-) စုစုပေါင်းရန်ပုံငွေ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်၊ စီသောင်ကျေးရွာအုပ်စု၊ စီသောင်ကျေးရွာ၌ (၃၁-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မှုကြောင့် နေအိမ် (၁) လုံး လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးငွေ(၆၃၀၀/-) ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးတို့အား (၄-၆-၂၀၁၉) … Read more
-
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၌ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ငါးဘက်ကြီးကျေးရွာအုပ်စု၊ တော်လှန်ကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် (၃၀၀၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် (၂) ဦးအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း(၄၀၀၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီအချိန်၌ ရွှေကူမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_otr #kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော ဗန်းမော်မြို့၊ မင်းလှရပ်ကွက်မီးဘေးသင့်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁) လုံးအတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၁၀၅၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည် (၁၀) မျိုးပါပုံး ပလပ်စတစ်ပုံး (၁) ပုံးတို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ပြည်နယ်စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဘေးအန္တရာယ်ဝေါဟာရများ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများအားရှင်းလင်းပြောကြား၍ တက်ရောက်လာသော အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများ စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၅-၂၀၁၉)ရက်၊(၂၄-၅-၂၀၁၉)ရက်၊(၂၅-၅-၂၀၁၉)ရက်၊(၃၀-၅-၂၀၁၉)ရက်နေ့နှင့်(၁-၆-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရပ်ကွက်(၂) ရပ်ကွက်၊ကျေးရွာအုပ်စု(၁၈)စု၊ကျေးရွာ(၂၈)ရွာတို့်တွင်ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ပြိုလဲနေအိမ်(၈)လုံးနှင့် အမိုးလန်နေအိမ်(၁၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၇၁၈၈၅၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၈)စုမှလူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံအပါ)(၈)အိမ်ထောင်စာတို့ကို ၄-၆-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _jun2019
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၂) စု၊ လူဦးရေ (၅၃၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာရလူနာများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်တွင် မင်းပြားမြို့နယ်၊ စပါးထားကျေးရွာ၌ လက်နက်ကြီးကျရောက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် မဆန်းတင် အသက် (၂၉) နှစ်၊ မဦးသန်း အသက် (၁၇) နှစ်၊ မအေးအေးသိန်း အသက် (၂၃) နှစ်၊ မအောင်သန်း အသက် (၃၀) နှစ်၊ မဝင်းကြည် အသက် (၄၂) နှစ်၊ မအေးနန္ဒာ အသက် (၁၇) နှစ်တို့အတွက် တစ်ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် … Read more
-
ဟိန္ဒူမိသားစုဝင်များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ စစ်တွေမြို့သို့ ရောက်ရှိလာသော ဟိန္ဒူမိသားစုဝင် အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၃၀)ဦးတို့အတွက် ဇွန်လ(၁)လစာအတွက် အခြေခံစားနပ်ရိက္ခာ(၁)လစာ ဆန်(၉)အိတ်၊ (၉)ပြည်၊ ဆီ(၁၁)ပိသာ၊ ဆား(၁၁)ပိသာ ၊ ပဲ(၅.၅)ပိသာ၊ စုစုပေါင်းတန်ဖိုး (၃၃၁၀၀၀/-) အား (၃-၆-၂၀၁၉) ရက်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ညောင်ဦးမြို့နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) အားသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး #ha_dag #mdy_jun2019
