လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၅-၂၀၁၉)ရက်၊(၂၄-၅-၂၀၁၉)ရက်၊(၂၅-၅-၂၀၁၉)ရက်၊(၃၀-၅-၂၀၁၉)ရက်နေ့နှင့်(၁-၆-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရပ်ကွက်(၂) ရပ်ကွက်၊ကျေးရွာအုပ်စု(၁၈)စု၊ကျေးရွာ(၂၈)ရွာတို့်တွင်ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ပြိုလဲနေအိမ်(၈)လုံးနှင့် အမိုးလန်နေအိမ်(၁၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၇၁၈၈၅၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၈)စုမှလူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံအပါ)(၈)အိမ်ထောင်စာတို့ကို ၄-၆-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# bgo _jun2019