လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၌ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ငါးဘက်ကြီးကျေးရွာအုပ်စု၊ တော်လှန်ကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် (၃၀၀၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် (၂) ဦးအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း(၄၀၀၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီအချိန်၌ ရွှေကူမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ha_otr
#kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)