လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်၊ စီသောင်ကျေးရွာအုပ်စု၊ စီသောင်ကျေးရွာ၌ (၃၁-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်မှုကြောင့် နေအိမ် (၁) လုံး လေဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးငွေ(၆၃၀၀/-) ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးတို့အား (၄-၆-၂၀၁၉) ရက်နေ့ နေ့လည် (၁:၃၀) အချိန်တွင်သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)