လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်တွင် မင်းပြားမြို့နယ်၊ စပါးထားကျေးရွာ၌ လက်နက်ကြီးကျရောက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် မဆန်းတင် အသက် (၂၉) နှစ်၊ မဦးသန်း အသက် (၁၇) နှစ်၊ မအေးအေးသိန်း အသက် (၂၃) နှစ်၊ မအောင်သန်း အသက် (၃၀) နှစ်၊ မဝင်းကြည် အသက် (၄၂) နှစ်၊ မအေးနန္ဒာ အသက် (၁၇) နှစ်တို့အတွက် တစ်ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် (၃၀၀၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် စစ်တွေဆေးရုံကြီး၌ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)