လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၌ ဇေယျာသီရိမြို့နယ်အတွင်း ခေတ်အေးကျေးရွာအုပ်စု၊ ဝင်ပြန်ကျေးရွာ၊ တဲကုန်းကျေးရွာ၊ ခေတ်အေးကျေးရွာ၊ အင်းသာကျေးရွာ၊ မရင်းကြီးကျေးရွာနှင့် နန်းသြကျေးရွာအုပ်စု၊ နန်းသြ ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၄၄) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၂၅၂၅၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၈၆) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၃၉၀၆၀၀/-) ကျပ်နှင့် ခေတ်အေးကျေးရွာ၊ မရင်းကြီး ကျေးရွာတို့ရှိ ဘုန်တော်ကြီးကျောင်းအမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ရန်ပုံငွေ (၉၅၀၀၀/-) စုစုပေါင်းရန်ပုံငွေ (၁၇၃၈၁၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_jun2109 Source: Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)