လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၂) စု၊ လူဦးရေ (၅၃၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)