လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ပြည်နယ်စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဘေးအန္တရာယ်ဝေါဟာရများ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများအားရှင်းလင်းပြောကြား၍ တက်ရောက်လာသော အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများ စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_jun2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)