Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြုကုန်ကျးရွာအုပ်စု၊ ရေဝေကျေးရွာနှင့် ဘိုင်းထောင့်ချောင်းကျေးရွာအုပ်စု၊ ကတန်းလေးကျေးရွာတို့တွင် (၅-၇-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၃)ဦး တို့ဘေးသင့် ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ပြိုကျပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၃) စုစာအတွက် (၁) အိမ်ထောင်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ လူဦးရေ(၁၃)ဦး အတွက် … Read more

  • School Cum Shelter တည်ဆောက်နေမှုအား သွားရောက်စစ်ဆေး ကြည့်ရှု့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)နှင့် တာဝန်ရှိသူများသည် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာတွင် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်နေမှုအား (၆-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။ #sgg_jul2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသဏာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ဥရုချောင်းဘေး၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ဌာနဆိုင်ရာ(၂၀)ဦး၊ကြက်ခြေနီတပ်ဖွဲ့(၅၀)ဦး၊မီးသတ်(၅၀)ဦး၊ရဲတပ်ဖွဲ့(၃၀)ဦး၊ပြည်သူလူထု(၂၀)ဦး၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း(၂၀၀)ဦးတို့နှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။   #simex_fld #kcn_jul2019   Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ဆွမ်ဆီးကျေးရွာတွင် (၂၆-၆-၂၀၁၉)ရက်နေ့၌ ဦးဂွတ်လှေ၏ နေအိမ်မီးလောင်ပျက်စီးခဲ့မှု အတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၁၀၂,၁၀၀) နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ Family Kits (၁)စုံ၊ First Aid Kits (၁)စုံတို့ကို ဟားခါးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ (၅-၇-၂၀၁၉)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ #ha_fir #chn_jul2019     … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၇-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ ပတ္တော် ကျေးရွာအုပ်စု၊ ကြို့ကုန်းကျးရွာတွင်ဖြစ်ပွား ခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၂)လုံးမှ ဘေးသင့်ပြည်သူ (၁၀)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၁,၀၀၀) ကျပ်အား (၆-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အ.ထ.က(မိုးညို)ရှိ သရဖူခန်းမတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူ များတွေ့ဆုံပွဲ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်မှ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် … Read more

  • ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးလှူဒါန်းခြင်း စီမံချက်စတင်ဆောင်ရွက်

      ဇူလိုင် ၆၊ ကျောက်ပန်းတောင်း ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝှမ်း ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၃) ကျောင်း၌ စီမံချက်စတင်ခြင်း အထိမ်း အမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ … Read more

  • ကမ်းပြိုနှင့် လေဘးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာ ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာအုပ်စုနှင့် ကွင်းလျားကျေးရွာအုပ်စု တို့တွင်(၂-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊လူဦးရေ(၆)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၁၂၆,၀၀၀)ကျပ်၊ (၄-၇-၂၀၁၉) ရက်နေ့ တွင်ဖြစ်ပွားသောေ လဘေးကြောင့် (ပြိုကျ/ပျက်စီး)ခဲ့သည့်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် (၇)ရက်စာရန်ပုံငွေ(၂၉,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၄၂,၀၀၀) ကျပ်နှင့် … Read more

  • ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

    ဇူလိုင် ၅၊ နေပြည်တော် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေး အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ပဋိပက္ခများအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အမျိုးသမီးများနှင့်ပတ်သက်လျှင် ပဋိပက္ခများအတွင်း အကြမ်းဖက်မှုကိစ္စများသာမကဘဲ အမျိုးသမီးများ၏အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ … Read more

Sign Up

Upcoming Events