(၇-၇-၂၀၁၉)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း ဝန်ထမ်းမိသားစုများသည် ဟင်္သာတမြို့Green Makersသစ်ပင်စိုက်ပျိုးသူများ ပရဟိတကွန်ယကအဖွဲ့ဝင်များ၊ ဟင်္သာတ တက္ကသိုလ် ကျောင်းသားကင်းထောက်အဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာဦးဆောင်သည့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၈၀)ဦးခန့်က ကျောင်းဝင်းအတွင်း တပြေဘူတ၊ ရေတမာ၊ မဟော်ဂနီ၊ မဲဇလီ၊ စိန်ပန်း၊ ပိတောက်စသည့် အပင်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရိပ် အာဝါသရရှိရေး လှုပ်ရှားဆောင်ရွက်ခြင်းအနေဖြင့်စိုက်ပျိုးခဲ့ကြပါသည်။သစ်ပင်များ စိုက်ခြင်း မပြုမီ မြေနေရာကြည့်ရှု့ခြင်း၊ မြေအမျိုးအစားနှင့်စိုက်ပျိုးမည့် သစ်ပင်များရွေးချယ်ရေး၊ မြေယာရှုခင်း landscape အကွက် တကျဖြစ်စေရေးတို့အတွက်ကိုလည်း၊Green Makerအဖွဲ့၊ DMTC ကျောင်းနှင့် စိုက်ပျိုးရေး ကျွမ်းကျင်သူများက အကြိမ်ကြိမ်တွေ့ဆုံခြင်းတို့ကြိုတင်ဆောင်ရွက်ခဲ့ကြပါသည်။