လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

7_Pic_01

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြုကုန်ကျးရွာအုပ်စု၊ ရေဝေကျေးရွာနှင့် ဘိုင်းထောင့်ချောင်းကျေးရွာအုပ်စု၊ ကတန်းလေးကျေးရွာတို့တွင် (၅-၇-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၃)ဦး တို့ဘေးသင့် ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ပြိုကျပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၃) စုစာအတွက် (၁) အိမ်ထောင်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ လူဦးရေ(၁၃)ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၇,၃၀၀) ကျပ်တို့အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_jul2019
 
 
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events