Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့၊နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၀၀)ဦးအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့်ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်းဘေးအန္တရာယ်မဖြစ်ပွါးမီ/ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source;တာချီလိတ်မြို့နယ်ဦးစီမှုးရုံး (ဘစမ) #ar #shn_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စုတွင်(၂-၈-၂၀၁၉)ရက်နေ့၊(၂၀:၃၀)နာရီအချိန်၌ ဖြစ်ပွားသော လေဘေးကြောင် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၅၉)လုံးမှ လူဦးရေ(၄၀၄)ဦးအတွက် အိမ်ဆောက်ဖိုးထောက်ပံ့ငွေကျပ်(၂၈,၆၀,၀၀၀/-)နှင့် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၈,၄၀၀/-)တို့အား(၈-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_sgw #ygn_aug 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု ဓမ္မာရုံတွင် ပြည်သူလူထု(၁၂၀)ဦးအား သဘာဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ၊ဗီနိုင်းပိုစတာများအားဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug 2019 Source; ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ခနောင်ကျေးရွာအုပ်စု၊ ရပ်ဖရုံကျေးရွာနှင့်အရှေ့ကွင်းကျေးရွာတို့တွင်(၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ဓနိကာ)နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေကျပ်(၃၃၆၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၅) အိမ်ထောင် စာတန်ဖိုး(၁၈၈၇၆၅/-)၊ စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး(၇၂၂၃၆၅/-)ကျပ်ကို(၈-၈-၂၀၁၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင်ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အောင်ချမ်းသာအုပ်စုနှင့် ပန်းတောချောင်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာတို့တွင် ( ၆-၈-၂၀၁၉)ရက်နေ့က (၁၆း၁၅)နာရီးအချိန်၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ (၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသောမိသားစု(၆)စုမှ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၉၉၀၀/-)အား (၈-၈-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_aug 2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲကနာကျေးရွာ၊ မြကိုင်းကျေးရွာ၊ အေးချမ်းသာယာကျေးရွာတို့တွင် (၆-၈-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီးအချိန်၌ လေပြင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသော မိသားစု(၁၀)စုမှ လူဦးရေ(၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၅၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၂၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၇၄၀၀/-) အား (၇-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပတုန်ကြီးကျေးရွာအုပ်စု၊ သူကြီးပတုပ်ကျေးရွာတွင် ( ၆-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီးအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး မိသားစု(၃)စုမှ လူဦးရေ(၁၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၃၁၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၆၃၁၀၀/-)အား (၇-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_aug 2019
-
လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက်နေ့၌ စမ်းလှမ်းကျေးရွာအုပ်စု၊ ပင်လယ်ကမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေး(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်တို့အား (၈-၈-၂၀၁၉)ရက်နေ့(၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်း၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug 2019
-
လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉)ရက်နေ့၌ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေး(၂၉)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၀၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား (၈-၈-၂၀၁၉) ရက်နေ့(၁၅း၃၀)အချိန် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug 2019
-
ရေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉) ရက်နေ့မှ (၆-၈-၂၀၁၉)ရက်နေ့အထိ မအူပင်မြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တို့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေဝင်နစ်မြုပ်မှုကြောင့် ကန်လေးလုံးဘုန်းတော်ကြီးကျောင်း၊ ယာယီကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်ကိုလည်းကောင်း၊ သာသနောဒယှုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၃) စုမှ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်တို့ (၈-၈-၂၀၁၉) ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more
