လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့၊နံနက်(၁၀း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၀၀)ဦးအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့်ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်းဘေးအန္တရာယ်မဖြစ်ပွါးမီ/ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source;တာချီလိတ်မြို့နယ်ဦးစီမှုးရုံး (ဘစမ)
#ar
#shn_aug 2019