လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၉) ရက်နေ့မှ (၆-၈-၂၀၁၉)ရက်နေ့အထိ မအူပင်မြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တို့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေဝင်နစ်မြုပ်မှုကြောင့် ကန်လေးလုံးဘုန်းတော်ကြီးကျောင်း၊ ယာယီကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်ကိုလည်းကောင်း၊ သာသနောဒယှုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၃) စုမှ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်တို့ (၈-၈-၂၀၁၉) ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fid
#ayy_aug 2019