လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပတုန်ကြီးကျေးရွာအုပ်စု၊ သူကြီးပတုပ်ကျေးရွာတွင် ( ၆-၈-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီးအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး မိသားစု(၃)စုမှ လူဦးရေ(၁၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၃၁၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၆၃၁၀၀/-)အား (၇-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ygn_aug 2019