Author Archives: Department of Disaster Management

  • ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ တစ်မိုင်ကျေးရွာမှ မိုးသည်းထန်စွာရွာသွန်း၍ မြေကျွံကျမှုကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်တို့ကို (၁၅-၈-၂၀၁၉)ရက်နေ့ နံနက် (၁၁း၀၀) အချိန် တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019

  • မိုးသည်းထန်စွာရွာသွန်း၍ ဘုန်းကြီးကျောင်းပြိုကျကာ ပျံလွန်တော်မူခဲ့သည့်ဆရာတော်အတွက် ထာက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ဗဟိုလမ်း၌ (၉-၈-၂၀၁၉) ရက်နေ့၊ (၀၄:၀၀)နာရီခန့်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍  ဝေဇယျန္တာကျောင်းတိုက်အနောက်ဖက် အုတ်တံတိုင်းပိကျောင်းပြိုကျကာ ပျံလွန်တော်မူခဲ့သည့်ဆရာတော် (၁) ပါးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) +    

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    အင်္ဂပူမြို့နယ်အတွင်း ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ရွှေသောင်ကျေးရွာတွင် (၁၃-၈-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၃)လုံး၊ အမိုးလန်အိမ်ခြေ(၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၄၈,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃-အိမ်ထောင်စာ) တို့ကို (၁၆-၈-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောဖျားကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေမျောပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၁)ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၂၃၁၀၀/-)ကျပ်တို့ကို (၁၅-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁း၃၀)အချိန်၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019

  • School Cum Shelter တည်ဆောက်နေမှုအားကြည့်ရှုလမ်းညွှန်မှာကြားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးတို့နှင့်အတူ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သောင်လေးကျေးရွာ၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းဆိပ်ကျေးရွာ၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ဓနိဆိပ်ကျေးရွာတို့၌ တည်ဆောက်လျက်ရှိသည့် School Cum Shelter တည်ဆောက်နေမှုအခြေအနေတို့ကို (၁၄-၈-၂၀၁၉) ရက်နေ့နှင့်  (၁၅-၈-၂၀၁၉) ရက်နေ့တို့တွင် သွားရောက်ကြည့်ရှုလမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #otr #ayy_aug2019 Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • ငလျင်ဘေးအန္တရာယ်ဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄းဝဝ)နာရီမှ (၁၅း၃၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မိုင်းပျဉ်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့အစရှိသည့် ဌာနဆိုင်ရာ များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများစုစုပေါင်းအင်အား (၂၀၀) ဦးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွင်(၁၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငလျင်ဘေးနှင့်ပတ်သက်၍လည်းကောင်း၊ ကြက်ခြေနီမှရှေးဦးသူနာပြုစုနည်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။ (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄း၀၀)နာရီ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် ရဲတပ်ဖွဲ့မှ ဝစီမှုတ်ပြီး ငလျင်လှုပ်ခတ်ကြောင်းအသိပေးခြင်း၊ ဆရာ/ဆရာမများမှဦးဆောင်၍ … Read more

  • တမူးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်၊ ကနန်ကျေးရွာနှင့် ဘုက္ကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့်  အမိုးလန်ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀ဝ)ကျပ်ကို (၁၅-၈-၂၀၁၉)ရက်နေ့တွင် တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ကတ္တူချိုင်ကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံငွေ (၃၀၀၀၀၀/-)အား (၁၅-၈-၂၀၁၉) ရက်နေ့တွင် တဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_aug 2019 Sourceး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ရှင်းလင်းဟောပြောစဉ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၀၃၀) နာရီအချိန်က ထီးလင်းမြို့၊ မီးသတ်ဦးစီးဌာနအစည်းအဝေးခန်မ၌ ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ စုစုပေါင်း (၁၄၆)ဦးတို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေနှင့် DAN Mobile Application များနှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events