
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄းဝဝ)နာရီမှ (၁၅း၃၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မိုင်းပျဉ်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့အစရှိသည့် ဌာနဆိုင်ရာ များပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများစုစုပေါင်းအင်အား (၂၀၀) ဦးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွင်(၁၃-၈-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငလျင်ဘေးနှင့်ပတ်သက်၍လည်းကောင်း၊ ကြက်ခြေနီမှရှေးဦးသူနာပြုစုနည်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။ (၁၄-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၄း၀၀)နာရီ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရာတွင် ရဲတပ်ဖွဲ့မှ ဝစီမှုတ်ပြီး ငလျင်လှုပ်ခတ်ကြောင်းအသိပေးခြင်း၊ ဆရာ/ဆရာမများမှဦးဆောင်၍ ဘေးလွတ်ရာသို့ပြေးထွက်ခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်မှုများသရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကြက်ခြေနီမှရှေးဦးသူနာပြုစုပြီး ကျန်းမှာရေးဌာနသို့ဆက်လက်လွှဲပြောင်းခြင်း၊ ရဲတပ်ဖွဲ့မှလုံခြုံရေးဆောင်ရွက်ပေးခြင်း၊ကော်မတီများမှ စားနပ်ရိက္ခာများ ထောက်ပံပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_aug 2019
Sourceး မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)