ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောဖျားကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေမျောပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၁)ဦးအတွက်ဆန်ဖိုးထောက်ပံ့ငွေ(၂၃၁၀၀/-)ကျပ်တို့ကို (၁၅-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁း၃၀)အချိန်၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#tny_aug 2019

Sign Up

Upcoming Events