လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၉) ရက်နေ့၊ (၁၀၃၀) နာရီအချိန်က ထီးလင်းမြို့၊ မီးသတ်ဦးစီးဌာနအစည်းအဝေးခန်မ၌ ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ စုစုပေါင်း (၁၄၆)ဦးတို့အား ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေနှင့် DAN Mobile Application များနှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။