လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ဗဟိုလမ်း၌ (၉-၈-၂၀၁၉) ရက်နေ့၊ (၀၄:၀၀)နာရီခန့်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ဝေဇယျန္တာကျောင်းတိုက်အနောက်ဖက် အုတ်တံတိုင်းပိကျောင်းပြိုကျကာ ပျံလွန်တော်မူခဲ့သည့်ဆရာတော် (၁) ပါးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျန်ရစ်သူကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_aug2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
+