လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်း ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ရွှေသောင်ကျေးရွာတွင် (၁၃-၈-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၃)လုံး၊ အမိုးလန်အိမ်ခြေ(၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၄၈,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃-အိမ်ထောင်စာ) တို့ကို (၁၆-၈-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။