လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်၊ ကနန်ကျေးရွာနှင့် ဘုက္ကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀ဝ)ကျပ်ကို (၁၅-၈-၂၀၁၉)ရက်နေ့တွင် တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။