Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်နှင့်ဘလားကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ လေဘေးသင့်အမိုးလန်နေအိမ် (၇)လုံးတို့ရှိ လူဦးရေ(၂၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ(၅၈၈၀ဝိ)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၈၈၀ဝိ/)အား (၃၀-၉-၂၀၁၉) ရက်နေ့နံနက်(၁၂:၀၀)အချိန်တွင် ပဲခူးတိုင်းဒေသ ကြီးသာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_sep2019   Source:         ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၊ အသရော်ကျေးရွာအုပ်စု၊ အသရော်ကျေးရွာနှင့်မဲကျွန်းကျေးရွာတို့၌ (၂၆-၉-၂၀၁၉) ရက်တွင် ဖြစ်ပွားခဲ့ သော လေဘေးမှလေဘေးသင့်ပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့ရှိ စုစုပေါင်းလူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀)ကျပ်နှင့် ပြိုလဲ နေအိမ်(၃)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုးပါ(၃) အိမ်ထောင်စာတို့အား … Read more

  • မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ မြောင်းမြခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၁:၃၀)နာရီမှ (၁၃:၀၀) နာရီအချိန်ထိ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှအင်အား (၃၀)ဉီးနှင့် ကျေးရွာနေပြည်သူလူထု (၃၅၀) ဦးတို့ဖြင့် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_str #ayy_sep2019   Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့၊ အ.ထ.က (ထုံးအိုင်) ကျောင်းသို့ သွားရောက်၍ ကျောင်းသူ/သား (၄၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်း ဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဗလာစာအုပ်နှင့် ဘောပင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_sep2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၄.၉.၂၀၁၉)နေ့ တနင်္သာရီမြို့နယ် အ.ထ.က(ပဝ)၌ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦး၊ (၂၅.၉.၂၀၁၉)နေ့  နံနက် (၉း၃၀) တွင် အ.ထ.ကခွဲ(ဇဝဲ)၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀)ဦး၊ နေ့လည် (၁း၃၀)အချိန်တွင် အ.ထ.က(တနင်္သာရီ) ၌ ကျောင်းသားကျောင်းသူအင်အား (၄၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုဖိုင်ပြသခြင်း ဘောပင်နှင့်လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို မြိတ်ဘေးစီမံမှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2019 Source:         မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း =

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရွှေကံသာရပ်၊ ကျွဲတဲကျေးရွာ အုပ်စု၊ အောင်သပြေကျေးရွာနှင့် မြို့ခင်းသာ ကျေးရွာအုပ်စု၊ မှိုက်ပင်ကုန်းကျေးရွာ တို့တွင် (၂၄-၉-၂၀၁၉) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံးနှင့် ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု(၂)စုစာ၊ အိမ်သုံးပစ္စည်းများ မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၃)စု … Read more

  • ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်၊ အုတ်ပုံကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာတွင် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်တကွ (၂၆-၉-၂၀၁၉)ရက်နေ့၊ (၀၉:၀၀) အချိန်ခန့်က ပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ လူထုအင်အား (၃၀၀) ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ရှင်းလင်းဆောင်ခန်းမ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက မုန်းချောင်းရေလှောင်တမံတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)တွင် စိုးရိမ်ဖွယ်ရာမရှိ၍ မြင်သာသောနေရာများတွင် အစိမ်းရောင်အလံကိုလွင့်ထူထားပေးခြင်း ရေကြီးမှုဖြစ်ပေါ်လာနိုင်ပါက အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၂)အဖြစ် … Read more

  • မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အိမ်အမှတ်(၅၁၇)နေ ဒေါ်ရီရီဝင်း၏ နေအိမ်၌ ဘုရားဆီမီးပူဇော်စဉ် ဖယောင်းတိုင်လဲကျသွားရာမှတဆင့် (၂၃-၉-၂၀၁၉)ရက်နေ့(၁၁:၃၅)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦး မီးဘေးသင့်ခဲ့သဖြင့် ထိုမီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ(ကျား+မ) (၂)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄,၀၀,၀၀ဝိ/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၁၈,၉၀ဝိ/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)မှ (၁၂:၀၀)ထိ တာချီလိတ်မြို့၊ အမှတ် (၃၅၉) ခြေမြန်တပ်ရင်း၊ တပ်နယ်ခန်းမ၌ စစ်ဗျူဟာ အဖွဲ့(အခြေချ)နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ရှိအရာရှိ/ စစ်သည်မိသားစုများအား သဘာ၀ ဘေးအသိပညာပေးခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ် သောဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ၊ ဖြစ်ပွါး နေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၂၁.၉.၂၀၁၉)ရက်နေ့တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ ပြိုလဲနေအိမ်ရှိလူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)၊ အမိုးလန်နေအိမ်ရှိ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀ဝိ/-)၊ စုစုပေါင်း(၁၂၁၀၀ဝိ/-) အား(၂၆.၉.၂၀၁၉)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2019 Source:         ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events