လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အိမ်အမှတ်(၅၁၇)နေ ဒေါ်ရီရီဝင်း၏ နေအိမ်၌ ဘုရားဆီမီးပူဇော်စဉ် ဖယောင်းတိုင်လဲကျသွားရာမှတဆင့် (၂၃-၉-၂၀၁၉)ရက်နေ့(၁၁:၃၅)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦး မီးဘေးသင့်ခဲ့သဖြင့် ထိုမီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ(ကျား+မ) (၂)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄,၀၀,၀၀ဝိ/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၁၈,၉၀ဝိ/-)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်၍ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_sep2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)