လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၄.၉.၂၀၁၉)နေ့ တနင်္သာရီမြို့နယ် အ.ထ.က(ပဝ)၌ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦး၊ (၂၅.၉.၂၀၁၉)နေ့ နံနက် (၉း၃၀) တွင် အ.ထ.ကခွဲ(ဇဝဲ)၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀)ဦး၊ နေ့လည် (၁း၃၀)အချိန်တွင် အ.ထ.က(တနင်္သာရီ) ၌ ကျောင်းသားကျောင်းသူအင်အား (၄၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုဖိုင်ပြသခြင်း ဘောပင်နှင့်လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို မြိတ်ဘေးစီမံမှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)