
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)မှ (၁၂:၀၀)ထိ တာချီလိတ်မြို့၊ အမှတ် (၃၅၉) ခြေမြန်တပ်ရင်း၊ တပ်နယ်ခန်းမ၌ စစ်ဗျူဟာ အဖွဲ့(အခြေချ)နှင့်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ရှိအရာရှိ/ စစ်သည်မိသားစုများအား သဘာ၀ ဘေးအသိပညာပေးခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ် သောဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ၊ ဖြစ်ပွါး နေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဗီဒီယိုများပြသခြင်း၊ ဂိမ်းများ ကစား ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် တက်ရောက်သူ(၁၈၀)ဦးအား ဆွေးနွေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)