Author Archives: Department of Disaster Management
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ အိမ်ခြေ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၃၁)ဦးအတွက် အောက်တိုဘာလ(၁)လစာ ဆန်၊ ဆီ၊ ဆား၊ ပဲများအား (၂-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ခုနှစ်၊ သြဂုတ်လအတွင်း မွန်ပြည်နယ်၊ သထုံခရိုင် အတွင်း ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရသည့် ပေါင်မြို့နယ်မှ ရေဘေးရှောင် ကျောင်းသား(၁၀၄)ဦးနှင့် ကျောင်းသူ(၉၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၁၉၉)ထည်ကို လည်းကောင်း၊ သထုံမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား(၂၄)ဦးနှင့် ကျောင်းသူ(၃၀)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၅၄)ထည်ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား (၆၀၉)ဦးနှင့် ကျောင်းသူ(၅၆၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံစုစုပေါင်း(၁၁၇၄)ထည်ကိုလည်းကောင်း (၃၀-၉-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_oct2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် (၂၈-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၅၈၄၀၀/-) အား (၂-၁၀-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_ oct … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနှင့် ကြာအင်းချောင်းကျေးရွာတို့၌ (၂၇ – ၉ – ၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောသော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၂)အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်တို့ကို (၁-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း … Read more
-
(၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်မှုသတင်း
အောက်တိုဘာ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (၁-၁၀-၂၀၁၉) နေ့မှ (၄-၁၀-၂၀၁၉)နေ့အထိ ရွှေစံအိမ် ဟိုတယ်၊ နေပြည်တော်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါအစည်းအဝေး၏ ပထမနေ့အဖြစ် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) ၏အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင် နှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သူ … Read more
-
သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်း၍ (၁.၁၀.၂၀၁၉)ရက်နေ့ နံနက်(၀၉:၄၀)အချိန်၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးအထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားအား ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ကုတ်မြို့နယ်မှဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ(၄၅)ရွာမှ သင်တန်းသားရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့် စေတနာ့ဝန်ထမ်း (VOLUNTEER)များစုစုပေါင်း လူဉီးရေ(၅၅)ဦးတက်ရောက်ခဲ့၍ သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ … Read more
-
ချောင်းရိုးတူးဖော်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဉီးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဉီးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ အုပ်စု၊ ကန်နီပေါက်ကျေးရွာရှိ ချောင်းရိုးအား စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်မည့် ကုန်ကျငွေ (၇,၇၆၈,၀၀၀) ကျပ်ကို (၃၀-၉-၂၀၁၉)ရက်နေ့တွင် ညောင်ဉီးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကန်နီပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ (၂၇-၉-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၂၈-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးသင့်ဆွမ်းစားကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၃၀-၉-၂၀၁၉) … Read more
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၂၇.၉.၂၀၁၉)ရက်နေ့၌ ချင်းတွင်းရေမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၃၃၆၀ဝိ/-)ကျပ် တို့အား (၃၀-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဗောဓိပင်ကျေးရွာအုပ်စု၊ ဗောဓိပင်ကျေးရွာ၊ ဖန်ခါးကုန်းကျေးရွာနှင့် ကျာင်းစုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှလေဘေးသင့် ပြိုလဲနေအိမ်(၉)လုံး၊ အမိုးလန်ဘုန်းတောြ်ကီး ကျောင်း(၁) ကျောင်းတို့်အ တွက်ကျောင်း/အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀)ကျပ်၊ ပြိုလဲနေအိမ် (၉) လုံးနှင့် အမိုးလန်နေအိမ်(၅၄)လုံးတို့ရှိ လူဦးရေ(၂၉၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၆၂၁,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၆၂၁,၆၀၀) ကျပ်နှင့်ပြိုလဲနေအိမ်(၉)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ … Read more
