လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၂၀၁၉ခုနှစ်၊ သြဂုတ်လအတွင်း မွန်ပြည်နယ်၊ သထုံခရိုင် အတွင်း ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ရသည့် ပေါင်မြို့နယ်မှ ရေဘေးရှောင် ကျောင်းသား(၁၀၄)ဦးနှင့် ကျောင်းသူ(၉၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၁၉၉)ထည်ကို လည်းကောင်း၊ သထုံမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား(၂၄)ဦးနှင့် ကျောင်းသူ(၃၀)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံ စုစုပေါင်း(၅၄)ထည်ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ်မှ ရေဘေးရှောင်ကျောင်းသား (၆၀၉)ဦးနှင့် ကျောင်းသူ(၅၆၅)ဦးတို့အတွက် ကလေးကျောင်းဝတ်စုံစုစုပေါင်း(၁၁၇၄)ထည်ကိုလည်းကောင်း (၃၀-၉-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_oct2019
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)