Author Archives: Department of Disaster Management

  • အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲရေးအတွက် ဆက်နွယ်ပတ်သက်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲအား (၂၉-၁၀-၂၀၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ပြည်နယ်လူမှုရေးဝန်ကြီးမှ အခမ်းအနားအဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_oct 2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၉) ရက်နေ့ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်မီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၁) ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ်အား (၂၈-၁၀-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိသည်။ #ha_fir #tny_oct2019 … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) မှတာဝန်ရှိသူများသည် (၂၆-၁၀-၂၀၁၉) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၃) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၃) စုစာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ မီးတားဖျက်သိမ်းအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅၉) ဦးအတွက်ဆန်ရိက္ခာဖိုးထောက် ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၃၉၀၀/-) ကျပ်အား … Read more

  • ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေး နှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီဝင် ဦးတိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့်(၂၀၁၇)ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်အတွင်း အစိုးရကဆောင်ရွက်ပေးလျက်ရှိသည့် … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

      ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှတာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီအဖွဲ့ဝင် ဦးတိုးအောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက်ရှိရာ အစိုးရ၏ ဆောင်ရွက်မှုများ သည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဖြစ်ကြောင်း၊ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ကာသိုလိလ်ဘုရားရှိခိုး‌ကျောင်းသို့‌ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၇၇)စု လူဦးရေ (၃၀၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၇၇)စုစာနှင့် လူဦးရေ (၃၀၃)ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဘိုး (၆၃၆၃၀ဝိ/-) စုစုပေါင်း ထောက်ပံ့မှု (၁၅၉၉၅၇ဝိ/-)အား ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #shn_oct2019 Source:                        ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Ms. Andrea Faulkner ဦးဆောင်သောအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံ အစိုးရကပေးအပ်လျက်ရှိသောပညာသင်ဆုများ၊သင်တန်းများနှင့်ဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက် နိုင်မည့်ကိစ္စများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ် (MCCT)နှင့်ပတ်သက်၍ အဆိုပါအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်နိုင် ရေးအတွက် အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund)မှတဆင့် ပူးပေါင်း … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်အတွင်း ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များ ပေးအပ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်း၍ အားလုံးသာတူညီမျှခံစားရရှိအောင် ဥပေဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းမှုကို အခြေခံကြောင်း၊ ငြိမ်းချမ်းမှုသည်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုဖြစ်ရန် လိုအပ်ကြောင်း၊ … Read more

  • သောက်သုံးရေ ထောက်ပံ့လှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားကပ်စံပြကျေးရွာအုပ်စု၊ ရေတွင်းကုန်းနှင့် နတ်ကုန်းကျေးရွာတို့၌ သောက်သုံးရေ (၈၄၀)ဂါလံအား (၂၆-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #krn_oct2019 Source:                        ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန  ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၁၈)ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၄၀)စု၊ လူဦးရေ(၄၃၂၈)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅၂)အိတ်၊ (၁၂)ပြည်အား (၂၅.၁၀.၂၀၁၉)ရက်တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source:                        စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events