ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်အတွင်း ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များ ပေးအပ်

27_Pic_01

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊

ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ

ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့်

လူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို

ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ

ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်း၍ အားလုံးသာတူညီမျှခံစားရရှိအောင် ဥပေဒ၊

နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းမှုကို အခြေခံကြောင်း၊ ငြိမ်းချမ်းမှုသည်လည်း

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုဖြစ်ရန် လိုအပ်ကြောင်း၊

ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေသည့် ကိစ္စများကိုလည်း လျော့နည်း အောင်

ကြိုးပမ်းရကြောင်း၊ ပြည်သူလူထုက စည်းလုံးညီညွှတ်စွာပူးပေါင်းဆောင်ရွက်ရန်

လိုအပ်ပါကြောင်း၊ ယနေ့ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကရင်ပြည်နယ်၌

လူမှုကဏ္ဍအကျိုးပြု လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို

လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကို

ကိုယ်ဝန်ဆောင်ချိန်မှ သက်ကြီးရွယ်အိုအထိ စီမံချက်များ ချမှတ်ပြီး

ဖွံ့ဖြိုးမှုအညွှန်းကိန်းများအလိုက် ဆောင်ရွက်ပေးကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်၎င်းမှ

မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့်

ပညာပေးခြင်းအစီအစဉ်၊ နေ့ကလေးထိန်း စောင့်ရှောက်ရေးဂေဟာများနှင့်

မိခင်ဝိုင်းများတွင် စနစ်တကျပြုစုလေ့ကျင့်ပေး၍ ရှေးဦးအရွယ်ကလေးငယ်များ၏

ဘဝတစ်လျောက်လုံး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းပြီး

ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအား ၎င်းတို့၏စွမ်းဆောင်နိုင်မှု တစ်ခုခုကို

ဖော်ထုတ်ပြီး ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ မသန်စွမ်း ရန်ပုံငွေတစ်ရပ်ကိုလည်း

အစိုးရက ထူထောင်ပေးထားပြီးဖြစ်ကြောင်း၊ ရန်ပုံငွေများတည်တံ့ ပွားများအောင်

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး မသန်စွမ်းကော်မတီနှင့် မသန်စွမ်း

အဖွဲ့အစည်းများက ပူးပေါင်း၍ မသန်စွမ်းသူများ ကိုယ်တိုင်ပါဝင်နိုင်သော

အလုပ်အကိုင်များကို ဖော်ထုတ်ပြီး စီမံချက်များရေးဆွဲ၍

ရင်းနှီးအသုံးပြုသွားကြရန်ဖြစ်ကြောင်း၊ အသက်(၈၅)နှစ် အထက်

သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်

ပေးအပ်လျက်ရှိကြောင်း၊ အိုးမင်းသော်လည်း စွမ်းဆောင်နိုင်မှုရှိသော သက်ကြီးသူများ

ကိုယ်တိုင်ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါ ပါဝင်၍

အားလုံးပါဝင်သော အချင်းချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ ( Inclusive Self- Help

Groups) များ ဖွဲ့စည်းပေး၍ လူမှုအားမာန်အဖွဲ့များအဖြစ် ကူညီပံ့ပိုးမှုများလည်း

ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း

ပူးပေါင်းကူညီပါကြောင်း၊ ဝန်ကြီးဌာနက လူကြောင့်ဖြစ်သောဘေး၊

သဘာဝကြောင့်ဖြစ်သောဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ၌ ပံ့ပိုးကူညီပေးမှုများကို

ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူမှုဒုက္ခများနှင့် ဘေးအန္တရာယ်ဆိုင်ရာကိစ္စများတွင်

လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်ပေးပါကြောင်းနှင့်

အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်

မျှော်မှန်းချက် ထားပြီး စနစ်တကျ အချိန်ယူ၍ ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း

ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသူ (၅၇၉၂)ဦးအတွက်

ထောက်ပံ့ငွေကျပ် (၁၇၃.၇၆)သန်း၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃) မြို့နယ်တွင်

ဖွင့်လှစ် ထားသော မိခင်ဝိုင်း (၂၂) ဝိုင်းအတွက် ဝိုင်းခေါင်းဆောင်ဂုဏ်ပြုငွေနှင့်

ကလေးသူငယ်များ၏ နေ့လည်စာအာဟာရ (၃)လစာအတွက် ထောက်ပံ့ငွေကျပ်

(၁၁.၂၂) သန်း၊ လူမှုအားမာန်အဖွဲ့ (၁၁)ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် သိန်း(၁၁၀)၊

ရေးကြီးရေလျှံမှုကြောင့်ပျက်စီးသွားသော စိုက်ပျိုးသီးနှံဧက (၁၆၀၄၆)အတွက်

ထောက်ပံ့ငွေကျပ် (၁၆၀,၄၆၀,၀၀၀) ကိုပေးအပ်ရာ တာဝန်ရှိသူများက

လက်ခံရယူခဲ့ကြပါသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မိမိတို့ပြည်နယ်အနေဖြင့်

လုပ်ငန်းများထိရောက် အကျိုးရှိအောင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလို

ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ဝမ်းမြောက် ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များအား

အာဟာရမုန့်များ နှင့် ကစားစရာများ ပေးဝေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူး

ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ ပြည်သူ့ဆေးရုံးကြီးသို့

သွားရောက်ပြီး ကလေး (၃)မွှာပူး မွေးဖွားသည့် မိခင်တစ်ဦးအား ထောက်ပံ့ငွေကျပ်

(၅) သိန်း ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ငှက်ပျောတော

ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများ သောက်ရေ/သုံးရေ လုံလောက်စွာ

ရရှိနိုင်ရေး အတွက် ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က

သောက်သုံးရေများ ပေးဝေမှုများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ

Mobile Water Purification Vehicle ရွေ့လျားရေသန့်စင်စက် မော်တော်ယာဉ်ဖြင့်

ရေသန့်များ ဖြန့်ဝေပေးလျက်ရှိသည့်အခြေအနေ၊ ထို့အပြင် စက်ရေတွင်း များတူးဖော်၍

ရေသန့်စင်စက်များ တပ်ဆင်ပေးရန် ဆောင်ရွက်လျက်ရှိပြီး National Health

Laboratory ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး

ကွပ်ကဲရေးဦးစီးဌာနတို့က ရေအရည်အသွေးဆန်းစစ်မှုများကို

ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုလေ့လာ၍

မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl_1

#npw_oct2019

Source:                   MSWRR

အောက်တိုဘာ ၂၆ ၊ ဘားအံ

Sign Up

Upcoming Events