လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးစိုးအောင်၊
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊
ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီဝင် ဦးတိုးအောင်နှင့်
တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော
ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား
ကူညီထောက်ပံ့ရေးနှင့်(၂၀၁၇)ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း
တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား
ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ၌
ရခိုင်ပြည်နယ်အတွင်း အစိုးရကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ပိုမိုအားထည့်
ဆောင်ရွက်ကြရန်နှင့် လက်တွေ့မြေပြင် လိုအပ်ချက်များကို ဆွေးနွေးဖြည့်ဆည်းရန် တွေ့ဆုံ
ရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို
ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ (၄)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီး
ဖြစ်ကြောင်း၊ ဒေသတွင်းနေရာချထား ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအခါတိုက်ပွဲများကြောင့် မိမိတို့ကျေးရွာမှ စုရပ်စခန်းများသို့
တိုက်ပွဲရှောင်နေရသူများအား ကူညီထောက်ပံ့ရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိရာ
ထိုလုပ်ငန်းဆောင်ရွက်ချက်များသည် စနစ်ကျရန် ရေရှည် ကောင်းမွန်သော အကျိုးရလဒ်
ရရှိရန် မြေပြင်အခြေအနေများနှင့် ဆက်စပ်လေ့လာ ဆောင်ရွက်ရန်လည်း
လိုအပ်ပါကြောင်း၊ ထို့အတွက် မိမိတို့ဝန်ကြီးဌာန၏တာဝန်ရှိသူများသည်
တိုက်ပွဲရှောင်များအတွက် ဆောင်ရွက်ပေး နေမှုများ၏ အခြေအနေများကို
ကွင်းဆင်းလေ့လာမှု ကြိုတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါကိစ္စများကိုလည်း
ယနေ့ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ဒေသတွင်း နေရပ်စွန့်ခွါသူများ အတွက် သက်ဆိုင်ရာ
အစိုးရဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်း၍
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ
စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကိုလည်း
ရေးဆွဲထားပြီးဖြစ်ရာ လက်တွေ့အသုံးချပြီး ဆောင်ရွက်နိုင်ရန် ကိစ္စများလည်း
ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း၊ ဒါ့အပြင် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့
ပြောင်းရွှေ့ထွက်ခွါသွားသည့် သူများရှိသလို မပြောင်းရွှေ့ဘဲ ကျန်ရှိသူ များလည်း
ရှိကြောင်း၊ မပြောင်းရွှေ့ဘဲကျန်ရှိနေသူများသည်လည်း ၎င်းတို့၏ အိုးအိမ်များကို
စွန့်ခွါသွားရသည့်အတွက် ဒေသတွင်းပြန်လည်နေရာချထားရေးတွင် အကျုံးဝင်ပါကြောင်း၊
ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံလုပ်ငန်းများကို အစိုးရ၊ ပြည်သူများ၊
မိတ်ဖက်နိုင်ငံများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ
ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်း
စာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း
(UEHRD)ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိကြောင်း၊မိတ်ဆွေ နိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့်လည်းပူးပေါင်း၍ အကြံဉာဏ်များ၊
အကူအညီများရယူပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊အစိုးရ၏ရခိုင်ပြည်နယ်အတွင်း
ဆောင်ရွက်ချက် များကို ပြည်သူသို့အစီရင်ခံစာများ ထုတ်ပြန်ပေးပါကြောင်း၊
ရခိုင်ပြည်နယ်တွင် လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့်
ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏တာဝန် များကိုဆောင်ရွက်ရာတွင်
မြေပြင်အခက်အခဲများကို ဖော်ထုတ်တင်ပြ ဆွေးနွေးကြရန်နှင့် အကြံပြုချက်များပေးကြရန်
ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးညီပု က တိုက်ပွဲရှောင် စခန်းများ၌
နေရာချထားမှု အခြေအနေ၊ တိုက်ပွဲရှောင်များအတွက် ယာယီခိုလှုံနိုင်ရေး
ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက်
ဆောင်ရွက်ထားရှိမှု အခြေအနေ၊ (၂၀၁၇) ခုနှစ် အကြမ်းဖက်ဖြစ်စဉ် နောက်ပိုင်း
တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုသည့် နေရပ်စွန်ခွာသူများအား
နေရာချထားနိုင်ရေးဆောင်ရွက်ထားရှိမှု တို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်တိုက်ပွဲရှောင်စခန်းများ စီမံခန့်ခွဲမှူကော်မတီ ဉက္ကဌ
လုံခြုံရေးနှင့် နယ်စပ်ရေးရာရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ရခိုင်ပြည်နယ်
တိုက်ပွဲရှောင်ပြည်သူများအား ခရိုင်/မြို့နယ်အလိုက် စီမံခန့်ခွဲမှု ဆောင်ရွက်ထားရှိမှု
အခြေအနေ၊ စခန်းနေပြည်သူများအတွက် လုံခြုံရေး၊ ထောက်ပံ့ရေးတို့အတွက်
ဆောင်ရွက်ထားရှိမှု၊ အဆောက်အဦများ ဆောက်လုပ် ပြီးစီးမှု အခြေအနေ၊ စုရပ်များ၌
ကျောင်းသား/သူများ ပညာသင်ကြားရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေး
စောင့်ရှောက်မှု အခြေအနေတို့နှင့် ပတ်သက်၍ လည်းကောင်း၊ IDP စခန်းများ ပိတ်သိမ်းနိုင်မှု
အခြေအနေ၊ NVC ကိုင်ဆောင်သူများ ခရီးသွားလာခွင့် ဆောင်ရွက်ထားရှိမှု၊ NVC
ရရှိပြီးသူများအား နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ပေးမှု အခြေအနေတို့ကို
တင်ပြဆွေးနွေးခဲ့ပါသည်။
ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ က
(၂၀၁၇) ခုနှစ် အကြမ်းဖက်ဖြစ်စဉ် နောက်ပိုင်း တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း
မပြုသည့် နေရပ်စွန်ခွာသူများနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွားများ၌
ပြန်လည်နေရာချထားရေး လျာထား မှု အခြေအနေ၊ နေရပ်စွန့်ခွာသူများအနက်
တစ်ဖက်နိုင်ငံမှ မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာပြီး UEHRD အစီအစဉ်ဖြင့်
လက်ခံပြီးသူများအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ လျာထား
အဆောက်အဉီပုံစံများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဉီးစိုးအောင်က ပြန်လည်နေရာချထားရေးအတွက်
ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်ထားရှိမှု ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ
တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်ရွက်ထားရှိမှု အတွေ့အကြုံများနှင့် ပတ်သက်၍
လည်းကောင်း၊ UEHRD အဖွဲ့ဝင် ဦးတိုးအောင်ကUEHRD ၏ ပူပေါင်းဆောင်ရွက်
အကောင်အထည်ဖော်နေသည့် ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို လည်းကောင်း၊ တက်ရောက်လာသူများက နေရပ်စွန်ခွာသူများ
ပြန်လည်လက်ခံရာတွင် နိုင်ငံသားစိစစ် ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ အတွက်
နေရာချထားနိုင်ရေး ဆောင်ရွက်နေမှု၊ တိုက်ပွဲရှောင်ကျောင်းသူ ကျောင်သားများ
ပညာသင်ကြားနေမှု၊ တိုက်ပွဲရှောင်များအတွက် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု
အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က
ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။
#hl_1
#npw_oct2019
Source: MSWRR
အောက်တိုဘာ ၂၇၊ စစ်တွေ