ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN
အဖွဲ့အစည်းများမှတာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင်
ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊
ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း
လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး
ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီအဖွဲ့ဝင် ဦးတိုးအောင်၊
ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လျက်ရှိရာ အစိုးရ၏
ဆောင်ရွက်မှုများ သည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဖြစ်ကြောင်း၊
ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အရပ်ဖက်အဖွဲ့အစည်းများ၊
နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု သည်လည်း
အရေးကြီးပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များ၏
လက်တွေ့မြေပြင်တွင်ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်
ညှိနှိုင်းရေးအဖွဲ့အနေဖြင့် အခက်အခဲများကိုဖြေရှင်းပေးလျက်ရှိကြောင်း၊ မိမိတို့၏
ဆောင်ရွက်မှုများသည် အပြုသဘောဆောင်ပြီး တည်ငြိမ်အေးချမ်းမှု၊
ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုရန် ကြိုးပမ်းဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်းနှင့် ယခုကဲ့သို့ ပဋိပက္ခများဖြစ်ပွားနေသောအချိန်တွင်
အခက်အခဲများကြားမှ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်နေကြသည့်အတွက်
ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဌ ပြည်နယ်
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်
ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် နေရာဒေသအများစုကို
ခွင့်ပြုပေးထားကြောင်း၊ သွားလာခွင့်အချို့၌ လုံခြုံရေးအရ UN အဖွဲ့အစည်းများအား
ကန့်သတ်ထားခြင်းဖြစ်ပြီး ထောက်ပံ့မှုများကိုလည်း
တိုက်ပွဲရှောင်ပြည်သူများအတွက် ထိရောက်စွာ
ထောက်ပံ့ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် UEHRD အဖွဲ့ဝင်ဦးတိုးအောင်က ပြန်လည်နေရာချထားရေးအတွက်
လိုအပ်လျက်ရှိမှုအခြေအနေများကို UN အဖွဲ့အစည်းများ၊
အစိုးရမဟုတ်သောအဖွဲ့အစည်များ
နှင့်ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ၏
လုပ်ဆောင် ထားရှိမှုများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊
ဆက်လက်ပူပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံး, UNHCR, UNDP, Red Cross
Movement (MRCS, ICRC နှင့် IFRC), UNOCHA တို့မှ
တာဝန်ရှိကိုယ်စားလှယ်များက အစိုးရနှင့်ပူပေါင်းဆောင်ရွက်လျက်ရှိမှုများ၊
ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊
စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ
များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်းကြီးကနိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့
အနေဖြင့် UN အဖွဲ့အစည်းများနှင့်
နှစ်ပေါင်းများစွာပူးပေါင်းဆောင်ရွက်ခဲ့ပြီးဆက်လက်၍ လည်း
ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်အစိုးရနှင့်
MOU ရေးထိုးဆောင်ရွက်သည့် လုပ်ငန်းများသာမက မိတ်ဆွေနိုင်ငံများက
ထောက်ပံ့မှုများ ကိုလည်း UN အဖွဲ့အစည်းများက ပူပေါင်းဆောင်ရွက်ကြသဖြင့်
ကျေးဇူးတင်ရှိပါကြောင်း၊ Red Cross Movement သည် လက်ရှိအခြေအနေတွင်
အကောင်းဆုံး ပူးပေါင်းဆောင်ရွက် နေသည့်အတွက်လည်း
အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိ ပါသည်။
#hl_1
#npw_oct2019
Source: MSWRR
အောက်တိုဘာ ၂၇၊ စစ်တွေ