လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၉) ရက်နေ့ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်မီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၁) ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ်အား (၂၈-၁၀-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိသည်။
#ha_fir
#tny_oct2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)