လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ
သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Ms. Andrea Faulkner ဦးဆောင်သောအဖွဲ့က
ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သြစတြေးလျနိုင်ငံ
အစိုးရကပေးအပ်လျက်ရှိသောပညာသင်ဆုများ၊သင်တန်းများနှင့်ဝန်ကြီးဌာနနှင့်ပူးပေါင်း
ဆောင်ရွက် နိုင်မည့်ကိစ္စများ၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်
အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်
ကလေးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ် (MCCT)နှင့်ပတ်သက်၍
အဆိုပါအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်နိုင် ရေးအတွက် အသက်မွေးမှုနှင့်
စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund)မှတဆင့် ပူးပေါင်း
ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ
ပြဌာန်းခဲ့မှုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ပဋိပက္ခများအတွင်း
ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်ပေးနိုင်ရေးအတွက်
လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ
တားဆီးကာကွယ် တုန့်ပြန်ရေး အမျိုးသားအဆင့် ဆန်းစစ်လေ့လာရေး
ဆောင်ရွက်နေမှုများနှင့် ဥပဒေရေးဆွဲ ဆောင်ရွက်နေမှုများ၊ ပဋိပက္ခအတွင်း
လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာဆိုင်ရာ ပူးတွဲကြေညာချက် (Joint
Communique) အား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များနှင့်
ပူးတွဲလုပ်ငန်းစီမံချက် ရေးဆွဲနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်
ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၊ အာဆီယံအပါအဝင်
မိတ်ဖက်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက် နေမှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ပိုမိုများပြားပြီး ပိုမိုပြင်းထန်လာနိုင်သော
သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်
နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိပါသည်။
#Unicode Version#
#hl_1
Source: MSWRR
အောက်တိုဘာ ၂၆၊ နေပြည်တော်