လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) မှတာဝန်ရှိသူများသည် (၂၆-၁၀-၂၀၁၉) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၃) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၃) စုစာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ မီးတားဖျက်သိမ်းအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅၉) ဦးအတွက်ဆန်ရိက္ခာဖိုးထောက် ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၃၉၀၀/-) ကျပ်အား (၂၈-၁၀-၂၀၁၉) ရက်နေ့ နေ့လည် (၁၂:၃၀) အချိန်၌ ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_oct2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)