လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၁၈)ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၄၀)စု၊ လူဦးရေ(၄၃၂၈)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၅၂)အိတ်၊ (၁၂)ပြည်အား (၂၅.၁၀.၂၀၁၉)ရက်တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_oct2019
Source: စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး