Author Archives: Department of Disaster Management

  • ဒဏ်ရာရရှိသူများအားထောက်ပံ့ပေးနေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၁၄-၁၁-၂၀၁၉)  ရက် နေ့တွင် ကွတ်ခိုင်မြို့အထွက် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် လက်နက်ငယ် စထိမှန်၍ ကွတ်ခိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေသူ ( ၂ ) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) ကျပ်နှင့် စုစုပေါင်း (၁၀၀,၀၀ဝိ/-)ကျပ် အား (၁၅-၁၁-၂၀၁၉) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #shn_nov2019 source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉ ) ရက်နေ့တွင် ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် လေးအိမ်တန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ရ‌သော သောလူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၆) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၃၁၂,၆၀ဝ) ကျပ် အား (၁၅-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်တာဝန်ရှိသူများနှင့် အတူ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ သောင်ဘုတ်ကျွေးရွာအုပ်စု၊ သောင်ဘုတ်ကျေးရွာတွင် (၁၄-၁၁-၂၀၁၉) နေ့ဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၁၀,၅၀၀) ကျပ်အား (၁၅-၁၁-၂၁၀၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စု၊ စေတီတောင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ အုပ်စု၊ ဖုံညိုလိပ်ကျေးရွာနှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီးကျောင်း၊ ပေါင်းစုရပ် (၄) ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၅၉) စု၊ လူဦးရေ (၅,၃၃၈) ဦး အတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန်(၇၇၈) အိတ်(၁၁) ပြည်အား (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ပြည်သူ့လက်ဝယ်အရာက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။  #ha_otr #rke_nov2019 Source: … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ်၊ တိုက်ပွဲရှောင်စုရပ် (၇) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၆၅) စု၊ လူဦးရေ (၂၃၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၇၄) အိတ်၊ (၁) ပြည်၊ (၄) ဗူးအား (၁၄-၁၁-၂၀၁၉) ရက်တွင် ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။  #ha_otr #rke_nov2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ရေကင်းတိုက်နယ်၊ (အ-ထ-က) ရေကင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ နေ့ လည် (၁၁:၃၀) နာရီအချိန်တွင်ပြီးမြောက်ခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်ကြက်ခြေနေတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျောင်းသား/ သူ (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဗီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေ ခဲ့ပါကြောင်းသတင်းရရှိပါသည်။  #ha_ar #bgo_nov2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကုလသမဂ္ဂလူသားချင်းဆိုင်ရာပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ (UNOCHA) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ (Madira Hotel) ၌ (၁၄-၁၁-၂၀၁၉) မှ (၁၅-၁၁-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ/ သင်တန်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးကအလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ … Read more

  • Myanmar Unified Platform for Disaster Risk Application(MUDRA) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ADBတို့ပူးပေါင်း၍ (၁၅-၁၁-၂၀၁၉) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန် တွင် ပုသိမ်မြို့၊ မြကျွန်းသာခန်းမ၌ Myanmar Unified Platform for Disaster Risk Application(MUDRA)မိတ်ဆက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် Disaster Risk Modelling ပြီးစီးမှုအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ Asia Development Bank (ADB)မှ တာဝန်ရှိသူက … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကံသာကုန်းကျေးရွာအုပ်စု ညီနောင်ကျေးရွာတွင်(၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့်ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါအိမ်ထောင်စု (၁) စုစာ၊ စုစုပေါင်းလူဦးရေ (၆) ဦးအတွက်ဆန်ရိက္ခာရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊စုစုပေါင်းရန်ပုံငွေ (၁၁၂,၆၀၀)ကျပ် အား (၁၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင်မြောင်းမြခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။  #ha_sgw #ayy_nov2019 Source: … Read more

Sign Up

Upcoming Events