
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကုလသမဂ္ဂလူသားချင်းဆိုင်ရာပေါင်း စပ်ညှိနှိုင်းရေးအဖွဲ့ (UNOCHA) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ (Madira Hotel) ၌ (၁၄-၁၁-၂၀၁၉) မှ (၁၅-၁၁-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ/ သင်တန်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးကအလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ် လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းသို့ ပြည်နယ်ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော် မတီအဖွဲ့ဝင်အရာထမ်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကိုယ်စားလှယ် များစုစုပေါင်းသင်တန်းသား (၄၀) ဦးခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်လက်ရှိ ကျင့်သုံးနေ သည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉပဒေ (၂၀၁၃) နှင့် နည်းဉပဒေ (၂၀၁၅) ဆိုင်ရာ သိကောင်းစရာများ၊ ဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့်အရေးပေါ်စီမံခန့်ခွဲရေး နည်းလမ်းများ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များ၊ အရပ်ဘက်စစ်ဘက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ပါကြောင်းသတင်း ရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)