Myanmar Unified Platform for Disaster Risk Application(MUDRA) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပမှုသတင်း

15_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ADBတို့ပူးပေါင်း၍ (၁၅-၁၁-၂၀၁၉) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန် တွင် ပုသိမ်မြို့၊ မြကျွန်းသာခန်းမ၌ Myanmar Unified Platform for Disaster Risk Application(MUDRA)မိတ်ဆက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် Disaster Risk Modelling ပြီးစီးမှုအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ Asia Development Bank (ADB)မှ တာဝန်ရှိသူက လုပ်ငန်းစဉ်အားရှင်းလင်းခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ADBမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_nov2019

Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events